ငါးနှင့်ပုဇွန်ဈေးကွက်သတင်းများ
ဗဟိုစံပြဈေးကြီး၌ ယခုအပတ်အတွင်းရေချိုငါး၊ပုဇွန်ဝင်ရောက်မှုလျော့နည်းပြီး၊ပင်လယ်ငါးဝင်
ရောက်မှုသည် အနည်းငယ် တိုးလာကြောင်းသိရှိရပါသည်။ငါးရှဉ့်၊ ငါးခေါင်းပွ၊ ငါးသလောက်၊ ပုဇွန်ဘော့ချိပ်နှင့်ပုဇွန်ထုပ်ကြီးတို့မှာ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပါသည်။ ငါးမြစ်
ချင်း၊ငါးကြင်း၊ ကသပေါင်းနှင့်ပုဇွန်ကြော့တို့မှာ ဈေးတက်နေပြီး၊ ယခင်အပတ်ဈေးနှုန်းထက် ငါးမြစ်ချင်းမှာ(၁၀၀)ကျပ်၊ငါးကြင်းမှာ(၁၀၀)ကျပ်၊ကသပေါင်းမှာ(၁၀၀)ကျပ်နှင့်ပုဇွန်ကြော့မှာ (၂၀၀)ကျပ်စီဈေးတက်နေသည်ကိုတွေ့ရှိရပါသည်။ငါးရံ့တစ်မျိုးတည်းသာ ယခင်အပတ်က ထက်(၅၀၀)ကျပ်ဈေးကျနေသည်ကိုတွေ့ရှိရပါသည်။ယခုအပတ်အတွင်း တစ်ရက်ပျမ်းမျှ
ရေချိုငါးပုဇွန် ၀င်ရောက်မှုမှာ (၁၄၂၃၀၃) ပိဿာဖြစ်ပြီး ၊ ယခင်အပတ်ကထက် (၈၈၉၅) ပိဿာလျော့ခဲ့ပါသည်။ တစ်ရက်ပျမ်းမျှ ပင်လယ်ငါးဝင်ရောက်မှုမှာ(၄၆၅၁) ပိဿာ ဖြစ်ပြီး၊ ယခင်အပတ်ကထက် (၆၉) ပိဿာပိုခဲ့သည်ကို တွေ့ရှိရပါသည်။
0 comments:
Post a Comment