မြစ်ကြီးနားမြို့နယ် မြို့မိမြို့ဖများ ဦးစီးကျင်းပသည့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လူထု အစည်းအဝေး အခမ်းအနား

မြစ်ကြီးနားမြို့နယ် မြို့မိမြို့ဖများမှ ဦးဆောင်၍ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လူထုအစည်းအဝေး အခမ်းအနားကြီးအား မြစ်ကြီးနားမြို့နယ်၊ မြို့တော်ခန်းမတွင် (၂၉-၄-၂၀၁၀)ရက်နေ့ နံနက် (၀၈း၀၀) ချိန်မှ (၀၈း၅၀)ချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
Choice
အခမ်းအနားတွင် သဘာပတိကြီးအဖြစ် မြို့မြို့ဖ ဦးခက်ထိန်နန်မှ ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် မြို့မိမြို့ဖများဖြစ်ကြသော ဦးညွန့်ရွှေနှင့် ဦးစိုင်းအောင်စိန်တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ ဦးခက်ထိန်နန်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့မိမြို့ဖ ဦးလဂျွန်ငန်ဆိုင်းမှ ကချင် ပြည်နယ်၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဆိုအား တင်သွင်းပြီး မြို့မိမြို့ဖ ဦးစိုင်းအေးကျော်နှင့် ဦးမျိုးဆွေတို့က ဦးလဂျွန်ငန်ဆိုင်း တင်သွင်းသည့် အဆိုအား ထောက်ခံတင်ပြခဲ့ကြပါသည်။
Choice
Choice
ထို့နောက် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဆိုအား သဘာပတိကြီးမှ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပရိတ်သတ်ထံ အတည်ပြုချက်တောင်းခံခြင်းနှင့် ဆုံးဖြတ်ချက် များ ချမှတ်ရာတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ ကြကြောင်း ။
Choice
အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ ကိုယ်စားလှယ်များ၊ ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကိုယ်စားလှယ်များ၊ ရှမ်းရိုးရာ စာပေနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မိဘပြည်သူများ၊ စုစုပေါင်း (၁၄၆၅)ဦး တက်ရောက်ခဲ့ပါသည်။

- ပြည်ထောင်စုမပြိုကွဲရေး (ဒို့အရေး ဒို့အရေး)
- တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး (ဒို့အရေး ဒို့အရေး)
- အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (ဒို့အရေး ဒို့အရေး)
- နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်ရေး (ဒို့အရေး ဒို့အရေး)
တို့ဖြင့် ကြွေးကြော်လျှက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
Choice

ဝိုင်းမော်မြို့နယ် မြို့မိမြို့ဖများ ဦးစီးကျင်းပသည့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လူထု အစည်းအဝေး အခမ်းအနား

ဝိုင်းမြော်မို့နယ် မြို့မိမြို့ဖများမှ ဦးဆောင်၍ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လူထုအစည်းအဝေး အခမ်းအနားကြီးအား ၀ိုင်းမော်မြို့နယ်၊ အထက်တန်းကျောင်းခွဲ ခန်းမတွင် (၃-၅-၂၀၁၀)ရက်နေ့ နံနက် (၀၉း၀၀) ချိန်မှ (၁၁း၀၀)ချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
Choice
အခမ်းအနားတွင် သဘာပတိကြီးအဖြစ် မြို့မြို့ဖ ဦးပေါလု မှ ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် မြို့မိမြို့ဖများဖြစ်ကြသော ဦးကျော်ငြိမ်းနှင့် ဦးကြည်ထွန်း တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ ဦးပေါလှုမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့မိမြို့ဖ ဦးဖောင်ဂေါ်ခေါင်လွမ်းမှ ကချင်ပြည်နယ်၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဆိုအား တင်သွင်းပြီး မြို့မိမြို့ဖ ဦးစန်အေးနှင့် ဦးရှောဖါဒေါင်လွမ်းတို့က ဦးဖောင်ကော်ခေါင်လွမ်း တင်သွင်းသည့် အဆိုအား ထောက်ခံတင်ပြခဲ့ကြပါသည်။
Choice
Choice
ထို့နောက် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဆိုအား သဘာပတိကြီးမှ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပရိတ်သတ်ထံ အတည်ပြုချက်တောင်းခံခြင်းနှင့် ဆုံးဖြတ်ချက် များ ချမှတ်ရာတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ ကြကြောင်း ။
Choice

အခမ်းအနားသို့ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ ကိုယ်စားလှယ်များ၊ ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကိုယ်စားလှယ်များ၊ ရှမ်းရိုးရာ စာပေနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မိဘပြည်သူများ၊ စုစုပေါင်း (၁၀၅၀)ဦး တက်ရောက်ခဲ့ပါသည်။

- ပြည်ထောင်စုမပြိုကွဲရေး (ဒို့အရေး ဒို့အရေး)
- တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး (ဒို့အရေး ဒို့အရေး)
- အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (ဒို့အရေး ဒို့အရေး)
- နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်ရေး (ဒို့အရေး ဒို့အရေး)
တို့ဖြင့် ကြွေးကြော်လျှက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
Choice

ဖားကန့်မြို့နယ် မြို့မိမြို့ဖများ ဦးစီးကျင်းပသည့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လူထု အစည်းအဝေး အခမ်းအနား

ဖားကန့်မြို့နယ် မြို့မိမြို့ဖများမှ ဦးဆောင်၍ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လူထုအစည်းအဝေး အခမ်းအနားကြီးအား ဖားကန့်မြို့နယ်၊ အထက ပညာရတနာခန်းမတွင် (၅-၅-၂၀၁၀) ရက်နေ့၊ နံနက် (၀၈း၀၀) ချိန်မှ (၀၈း၅၀)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
Choice
အခမ်းအနားတွင် သဘာပတိကြီးအဖြစ် မြို့မြို့ဖ ဦးတန်ဘော်လဆိုင်းမှ ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် မြို့မိမြို့ဖများဖြစ်ကြသော ဦးကျော်ရင်နှင့် ဦးစိုင်းအောင်တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ ဦးတန်ဘော်လဆိုင်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့မိမြို့ဖ ဦးအယ်တိုက်ဆောင်မှ ကချင်ပြည်နယ်၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဆိုအား တင်သွင်းပြီး မြို့မိမြို့ဖ ဦးစိုင်းလှမောင်နှင့် ဦးသိန်းဟန်တို့က ဦးအယ်တိုက်အောင် တင်သွင်းသည့် အဆိုအား ထောက်ခံတင်ပြခဲ့ကြပါသည်။
Choice
Choice
ထို့နောက် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဆိုအား သဘာပတိကြီးမှ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပရိတ်သတ်ထံ အတည်ပြုချက်တောင်းခံခြင်းနှင့် ဆုံးဖြတ်ချက် များချမှတ်ရာတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ ကြကြောင်း ။
Choice

အခမ်းအနားသို့ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ ကိုယ်စားလှယ်များ၊ ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကိုယ်စားလှယ်များ၊ ရှမ်းရိုးရာ စာပေနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မိဘပြည်သူများ၊ စုစုပေါင်း (၇၂၀)ဦး တက်ရောက် ခဲ့ပါသည်။

- ပြည်ထောင်စုမပြိုကွဲရေး (ဒို့အရေး ဒို့အရေး)
- တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး (ဒို့အရေး ဒို့အရေး)
- အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (ဒို့အရေး ဒို့အရေး)
- နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်ရေး (ဒို့အရေး ဒို့အရေး)
တို့ဖြင့် ကြွေးကြော်လျှက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
Choice

မိုးညှင်းမြို့နယ် မြို့မိမြို့ဖများ ဦးစီးကျင်းပသည့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လူထု အစည်းအဝေး အခမ်းအနား

မိုးညှင်းမြို့နယ် မြို့မိမြို့ဖများမှ ဦးဆောင်၍ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လူထုအစည်းအဝေး အခမ်းအနားကြီးအား မိုးညှင်းမြို့နယ်၊ စိမ်းလဲ့ရတနာခန်းမတွင် (၈-၅-၂၀၁၀)ရက်နေ့ နံနက် (၀၈း၄၅) ချိန်မှ (၀၉း၄၅)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
Choice
အခမ်းအနားတွင် သဘာပတိကြီးအဖြစ် မြို့မြို့ဖ ဦးလမုံယော်မှ ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် မြို့မိမြို့ဖများဖြစ်ကြသော ဦးစိုင်းသန်းညွန့်နှင့် ဦးစိုင်းတင်ဖေတို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ ဦးလမုံယော်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့မိမြို့ဖ ဒေါ်အယ်မာဖန်မှ ကချင်ပြည်နယ်၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဆိုအား တင်သွင်းပြီး မြို့မိမြို့ဖ ဦးစိုင်းလှဘော်နှင့် ဦးစိုင်းချစ်ငွေတို့က ဒေါ်အယ်မာဖန် တင်သွင်းသည့် အဆိုအား ထောက်ခံတင်ပြခဲ့ကြပါသည်။
Choice
Choice
ထို့နောက် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဆိုအား သဘာပတိကြီးမှ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပရိတ်သတ်ထံ အတည်ပြုချက်တောင်းခံခြင်းနှင့် ဆုံးဖြတ်ချက် များချမှတ်ရာတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ ကြကြောင်း ။
Choice
အခမ်းအနားသို့ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ ကိုယ်စားလှယ်များ၊ ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကိုယ်စားလှယ်များ၊ ရှမ်းရိုးရာ စာပေနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မိဘပြည်သူများ၊ စုစုပေါင်း (၆၂၄)ဦး တက်ရောက် ခဲ့ပါသည်။

- ပြည်ထောင်စုမပြိုကွဲရေး (ဒို့အရေး ဒို့အရေး)
- တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး (ဒို့အရေး ဒို့အရေး)
- အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (ဒို့အရေး ဒို့အရေး)
- နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်ရေး (ဒို့အရေး ဒို့အရေး)
တို့ဖြင့် ကြွေးကြော်လျှက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
Choice

မြစ်ကြီးနားမြို့နယ် မြို့မိမြို့ဖများ ဦးစီးကျင်းပသည့် အဖျက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ အခမ်းအနား

မြစ်ကြီးနားမြို့နယ် မြို့မိမြို့ဖများမှ ဦးဆောင်၍ အဖျက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ အခမ်းအနားကြီးအား မြစ်ကြီးနားမြို့၊ မြစ်ကြီးနားဘူတာကြီးတွင် (၂-၆-၂၀၁၀)ရက်နေ့ ညနေ(၃)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Choice

Choice
Choice
Choice
Choice

အခမ်းအနားတွင် သဘာပတိကြီးအဖြစ် မြို့မြို့ဖ ဦးခင်မောင်လှ မှ ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် မြို့မိမြို့ဖများဖြစ်ကြသော ဦးခမိုင်တန်နှင့် ဦးစိုင်းယီကျန် တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ ဦးခင်မောင်လှမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့မိမြို့ဖ ဦးဇုန်းတိန့်မှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း အဖျက်လုပ်ရပ်များအား ဆန့်ကျင်ကြောင်း အဆိုအား တင်သွင်းပြီး ကချင် ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းဟန်သန်းနှင့် မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး(၂)၊ ဈေးမိဈေးဖ ဒေါ်ကျော့ကျော့တို့က ဦးဇုန်းတိန်း တင်သွင်းသည့် အဆိုအား ထောက်ခံတင်ပြခဲ့ကြပါသည်။

ထို့နောက် အဖျက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချသည့် အဆိုအား သဘာပတိကြီးမှ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပရိတ်သတ်ထံ အတည်ပြုချက်တောင်းခံခြင်းနှင့် ဆုံးဖြတ်ချက် များ ချမှတ်ရာတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း အဖျက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချကြောင်း ဆုံးဖြတ်ခဲ့ကြကြောင်း ။

Choice
Choice

အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်(၁၂၀)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ ကိုယ်စားလှယ်(၃၄၀)ဦး၊ ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကိုယ်စားလှယ်(၃၀)ဦး၊ ရှမ်းရိုးရာ စာပေနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်(၂၀)ဦး၊ ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၁၀၀)ဦး၊ မြစ်ကြီးနားမြို့၊ ဈေးမိ၊ ဈေဖ၊ ဈေးသူ/ဈေးသား ကိုယ်စားလှယ်(၁၅၀)ဦး၊ မိဘပြည်သူ(၂၈၅)ဦး၊ စုစုပေါင်း (၁၀၄၅)ဦး တက်ရောက်ခဲ့ပါသည်။

- ပြည်ထောင်စုမပြိုကွဲရေး (ဒို့အရေး ဒို့အရေး)
- တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး (ဒို့အရေး ဒို့အရေး)
- အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (ဒို့အရေး ဒို့အရေး)
- နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်ရေး (ဒို့အရေး ဒို့အရေး)
- အဖျက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချရေး (ဒို့အရေး ဒို့အရေး)

တို့ဖြင့် ကြွေးကြော်လျှက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Choice
Choice

ခရီးရှည်ကြီးအတွက်ပထမဦးဆုံးခြေလှမ်း

အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဌ အထက်လွှတ်တော်အမတ် Mr. Jim Webb ရဲ့ မြန်မာနိုင်ငံခရီးစဉ်အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီ်း Mr. Yettaw လည်း Mr. Jim Webb နဲ့အတူ ပြည်တော်ပြန်ခွင့် ရရှိသွားခဲ့ပါပြီ။ ဒီဖြစ်စဉ် ဖြစ်ရပ်တွေအပေါ် အကြောင်းပြုပြီး ဒီခရီ်းစဉ်ဟာ အောင်မြင်တဲ့ခရီ်းစဉ်၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံ ရေးအပေါ် အပြုသဘော ရှုမြင်မှုများ တိုးပွားလာစေနိုင်တဲ့ ခရီးစဉ်၊ မြန်မာတို့ရဲ့ သဘောထားကြီးမြတ်မှုနှင့် စာနာ ထောက်ထား သက်ညှာတတ်မှုကို အလေးအနက် ဖော်ပြနိုင်ခဲ့တဲ့ ခရီးစဉ်အဖြစ် အားလုံးက ၀မ်းသာလှိုက်လှဲစွာ အသိအမှတ်ပြု ကြိုဆိုခဲ့ကြပါပြီ။ Mr. Jim Webb ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်ရရှိခဲ့သလို နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံ ဆွေးနွေး အမြင်ဖလှယ်ခွင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကော်မရှင်၊ လူမှုရေးအသင်းအဖွဲ့များ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ၊ တရားဝင် မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီများ စသဖြင့် နယ်ပယ်ကဏ္ဍစုံလင်စွာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင် Mr. Jim Webb ရဲ့ ခရီးစဉ် အပေါ် နိုင်ငံ တော်က အလေးထားပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်ဆိုတာ ထင်ရှားလှပါတယ်။ ယခုခရီးစဉ်အတွင်း Mr. Jim Webb အနေနဲ့ သူ့နိုင်ငံသား Mr. Yettaw အတွက် အကောင်းဆုံး အကျိုးဆောင်ပေးနိုင်ခဲ့တယ်လို့ နိုင်ငံ တကာ မီဒီယာများက ချီးကျူးခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဆုံရာမှာ Mr. Jim Webb ကိုယ်တိုင် မေတ္တာရပ်ခံချက် (၂) ရပ်ကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပထမအချက်ကတော့ မြန်မာနိုင်ငံဥပဒေကို ချိုးဖောက်ပြီး အရေးယူခံခဲ့ရတဲ့ Mr. Yettaw ကိုပြန်လွှတ်ပေးပါရန်နဲ့ ဒုတိယအချက်ကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုရန် ဖြစ်ပါတယ်။ Mr. Jim Webb ကိုယ်တိုင်က Mr. Yettaw ရဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံဥပဒေအရ ဆိုးရွားတဲ့ ပြစ်မှုကျူးလွန်ရာရောက်တဲ့အတွက် ၎င်းဘက်မှနေ၍ ၀န်ချတောင်းပန်မှု မပြုလိုပါကြောင်း၊ သို့သော် လူမှုရေးရှုထောင့်အရ Mr. Yettaw ကိုပြန်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ မိမိ ၏မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံအစိုးရဘက်မှ လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရ သဘော ထားကြီးစွာဖြင့် ဥပဒေဘောင်အတွင်းမှ လိုက်လျောဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာ အစိုးရက အလေးအနက်ထား တုံ့ပြန်ခဲ့တဲ့ အတွက် Mr. Yettaw ဟာမိသားစုနဲ့ ပြန်လည်ဆုံစည်းခွင့် ရရှိခဲ့ပြီ ဖြစ်ပါကြောင်း ပြောကြားတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော့အမြင်ပြောရရင် Mr. Yettaw ဟာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် အပြစ်ရှိတာမှန်သော်လည်း ကျန်းမာရေးအခြေအနေအရ ငဲ့ညှာသင့် တဲ့အနေအထားလို့ ယူဆမိပါတယ်၊ ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာနိုင်ငံရဲချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ ပြောကြား ချက်တွေအရ Mr. Yettaw လနဲ့ချီပြီး အစာမစားတဲ့ အနေအထားဟာ စိုးရိမ်စရာပါ။ မည်သို့ပင်ဖြစ်စေ နိုင်ငံ တော်အပိုင်းက သူ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အများကြီး ငွေကုန်ကြေးကျခံပြီး ဆောင်ရွက်ပေး ခဲ့တာလည်း အမှန်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ Mr. Jim Webb နဲ့တကွ အမေရိကန်သံရုံးက သက်ဆိုင်ရာ ဌာနများကို မေတ္တာရပ်ခံလာတဲ့အတွက် Mr. Yettaw ရဲ့ကျန်းမာရေးနဲ့ဘ၀ရှေ့ရေးအတွက်စာနာထောက်ထား တဲ့အနေနဲ့ရော၊ အမေရိကန်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အလေးအနက်ထားတဲ့အနေနဲ့ပါ သက်ဆိုင်ရာက Mr. Yettaw ကိုချမှတ်ထားတဲ့ ပြစ်ဒဏ်များအနက် ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန် လျှော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိတဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ခြင်းနဲ့ ပြည်နှင်အမိန့်ထုတ်ပြန်ပြီး Mr.Jim Webb နဲ့အတူ ပြန်လည်ထွက်ခွာခွင့် ပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပြည်နှင်ဒဏ်ပေးမှုအမိန့်ကို ဖတ်ကြားပြီးနောက်မှာ Mr. Yettaw ပါလာတဲ့ ပစ္စည်း (၁၃) မျိုးနဲ့ ဆေး (၁၇) မျိုးတို့ကို Mr. Yettaw နဲ့အတူ အမေရိကန်ကောင်စစ်ဝန်ထံ စနစ်တကျ လွှဲပြောင်းပေးခဲ့ပါတယ်။ ပြည်နှင်ဒဏ်အမိန့်အရ Mr. Yettaw ဟာ မြန်မာနိုင်ငံထဲကို တရားမ၀င် ပြန်လည်ဝင်ရောက်လာမယ်ဆိုရင် ဆိုင်းငံ့ထားတဲ့ ပြစ်ဒဏ်ကို ကျခံရမှာဖြစ်တဲ့အပြင် လ၀က ဥပဒေအရ ထောင်ဒဏ် (၃) နှစ် ထပ်မံကျခံရမှာ ဖြစ်ကြောင်းကိုလည်း Mr. Yettaw ကို တပါတည်း အသိပေး ပြောကြားလိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာ ဖြောင့်မတ် ခိုင်မာပြီး လူသားချင်းစာနာထောက်ထားမှုနဲ့ သဘောထားကြီးမှုအပေါ်မှာလည်း အခြေခံထားတယ်ဆိုတာ ပြသနိုင် လိုက်ခြင်းပါပဲ။ Mr. Jim Webb ရဲ့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခွင့်ပြုခဲ့ခြင်းအပေါ် ထူးခြားတဲ့ လိုက်လျောမှုတစ်ရပ်အဖြစ် နိုင်ငံတကာ မီဒီယာတချို့က ပုံဖော်နေကြပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ခြင်းအပေါ် သွယ်ဝိုက်ပြီး ထောက်ပြလိုတဲ့ သဘောပါပဲ။ တကယ်တော့ အခြေအနေနှစ်ရပ်ရဲ့ ခြားနားချက်ကို ခွဲခြားမမြင်နိုင်လို့ ဒီလိုတွေ ဝေဖန်နေကြခြင်း ဖြစ်ပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီ်းစဉ်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုကိစ္စအတွက် တရားရုံးမှာ တရားရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ သက်ဆိုင်ရာတရားရုံးရဲ့ ဥပဒေကြောင်းအရ စီရင်ပိုင်ခွင့်အောက်မှာ ရှိုနေပါတယ်။ ယခု အချိန်မှာတော့ သူမဟာ တရားရင်ဆိုင်မှု ပြီးဆုံးပြီး ဆိုင်းငံ့ပြစ်ဒဏ်နဲ့ နေအိမ်မှာ သီးခြားနေထိုင်ခွင့် ရရှိနေပါပြီ။ ဒါကြောင့် အခြေအနေ နှစ်ရပ်ရဲ့ ခြားနားချက်ကို ခွဲခြားပြီးမြင်တတ်ဖို့ လိုပါတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီးနဲ့ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်ခဲ့သလို ယခု ပစ္စုပ္ပန်မှာလည်း အလေးထား ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အနာဂတ်မှာလည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလား တူ အထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့ အကျိုးဆောင်မှု ကဏ္ဍနဲ့ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အလေး အနက် အသိအမှတ်ပြု တန်ဖိုးထားပါတယ်။ သို့သော် အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အတွင်းမှာ အခြေအနေနဲ့ အချိန်အခါက ခွင့်မပြုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးနိုင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ယခု ဝေဖန်နေကြတဲ့ နိုင်ငံတကာမီဒီယာ အချို့ သိစေချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အခြားနိုင်ငံများ အားလုံးနဲ့ ချစ်ချစ်ခင်ခင် ပူးပေါင်း ဆောင်ရွက်သွားလိုတဲ့၊ အပြုသဘောအမြင် အပြည့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးမူကြီး (၅) ရပ်နဲ့အညီ နိုင်ငံအားလုံးကို ရင်းနှီးချစ်ခင်စွာ တန်းတူရည်တူ ဆက်သွယ်ဆက်ဆံ ဆောင်ရွက်လျှက် ရှိပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာနိုင်ငံကြီးငယ်မခွဲ၊အုပ်စုဘက်လိုက်မှုမရှိဘဲ မျှမျှတတ ရပ်တည် ဆက်ဆံ ဆောင်ရွက် လျက်ရှိပါတယ်။ ယခု Mr.Jim Webb ရဲ့ခရီးစဉ်အတွင်း အပြည့်အဝ ပူပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဟာလည်း အမေရိကန်လို နိုင်ငံကြီးမို့လို့ ဆောင်ရွက်ပေးတာမျိုးမဟုတ်ဘဲ ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေဆိုတဲ့ စိတ်ရင်း အခံနဲ့ ဆောင်ရွက်ပေးခြင်းသာ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှသာမဟုတ်ဘဲ ကျန်တဲ့ အခြားနိုင်ငံများအားလုံး ကိုလည်း ဒီသဘောထားရပါတည်ချက်အတိုင်းသာ ဆက်ဆံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီလို သဘောထားရပ်တည်ချက်မှန်ကန်ပြီး နှစ်နိုင်ငံဆက်ဆံေ၇းကို အလေးအနက်ထား ဆောင်ရွက်ပေးခဲ့တဲ့ အပေါ် Mr.Jim Webb က မြန်မာအစိုးရရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင် ရှိပါကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ အနာဂတ်ယုံကြည်မှု တည်ဆောာက်ရေးအတွက်အခြေခံအုတ်မြစ်စတင်နိုင်ရေး နည်းလမ်းများအဖြစ် နှစ်နိုင်ငံစလုံးက အသုံးချနိုင်ဖို့ မျှော်လင့်ပါတယ်လို့လည်းဆိုပါတယ်။ ရန်ကုန်လေဆိပ်က မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲမှာလည်း Mr.Jim Webb က မြန်မာအစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ အမေရိကန်နဲ့ မြန်မာနိုင်ငံတို့အပြန်လှန်နားလည်မှုရရှိပြီး အနာဂတ်ကာလတွင် အလုပ်သဘောဆက်လက်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်ယခုခရီးစဉ်က အကျိုးပြုနိုင်လိမ့် မည်ဟု မျှော်လင့်ပါကြောင်း၊ ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတမှုရှိရန် လိုအပ် ပါကြောင်း၊ တရားမျှတမှုရှိမည်ဟုလည်း မျှော်လင့်ပါကြောင်း၊ မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ် တိုးတက်လာ ရေးအတွက် ကြုံတွေ့နေရသော အတားအဆီးများကို ကျော်လွှားနိုင်ရန် အလေးအနက် ဆွေးနွေးနိုင်ခဲ့ ပါကြောင်း၊ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆက်လက်တိုး တက်လာမည် ဟုမျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှုတည်ဆောက်ရေးတွင် ကြုံတွေ့နေရသော အတားအဆီးများကို တစ်ချိန်ချိန်တွင် ကျော်လွှားနိုင်မည်ဟု ယခင်ကပင် ယုံကြည်ချက်ရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် တိုးတက် ကောင်းမွန်ရေးအတွက် ယခုခရီးစဉ်အတွင်း လေ့လားတွေ့ရှိချက်များကို အခြေခံ၍ မိမိ၏ အစိုးရအဖွဲ့နှင့်ရော၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်ပါ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါကြောင်း စသဖြင့် အပြုသဘော ရှင်းလင်းပြောကြားသွားခဲ့တာ တွေ့ရှိရပါတယ်။

ဒါ့အပြင် သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ မြန်မာနိုင်ငံအပေါ် သမားရိုးကျ စီးပွားရေး ပိတ်ဆို့မှုပြုလုပ်ထားခြင်းမှာ အကျိုးမရှိဟု ထင်မြင်ယူဆပါကြောင်း ပြောကြားသွားခဲ့ပါတယ်။ တကယ်လည်း Mr.Jim Webb ဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပေးနိုင်ဖို့အတွက် သံတမန်ရေး ညှိနှိုင်းမှုကို အတိအလင်း ထောက်ခံခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆန့်ကျင်ဘက်ပါတီကြီးတစ်ခုရဲ့ ပြောရေးဆိုခွင့်ရပ်ကွက်က မြန်မာ နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ကန့်ကွက် ရပါတည်ခဲ့သူ Mr.Jim Webb အပေါ် လက်ခံကြိုဆို ရမယ့် နိုင်ငံရေးသမားတစ်ယောက်အဖြစ် သဘောမထားနိုင်ကြောင်း၊ ဒီမိုကရေစီရေးအတွက် ဘာအကျိုး ပြုချက်မှ မရှိခဲ့လို့ သူရဲ့ခရီးစဉ်အပေါ် စိတ်ဝင်စားမှုမရှိကြောင်း ခရီးစဉ်မတိုင်မီကတည်းက ဆန့်ကျင်ပြောကြား ခဲ့တယ်လို့ ကြားသိရပါတယ်။

တစ်ဆက်တည်းပြောရရင် မေရိကန်နိုင်ငံရဲ့ အရေးပါတဲ့ အထက်လွတ်တော် အမတ်တစ်ဦးကတောင် ကျွန်တော် တို့နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ခိုင်ခိုင်မာမာ ဆန့်ကျင် ကန့်ကွက်ရပ်တည်နေတဲ့ အခြေအနေမျိုးမှာ မြန်မာနိုင်ငံသားစစ်စစ် ပြည်တွင်းပြည်ပ ဆန့်ကျင်ရေးသမားအုပ်စုတွေကတော့ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်သည်ထက်ရောက်အောင် စီးပွားရေးပိတ်ဆို့မှုတွေ တိုးမြှင့်ဆောင်ရွက်ပေးဖို့ ဝိုင်းဝန်းလှုံ့ဆော် တောင်းဆို ကြိုးပမ်းနေကြတာကို တွေ့နေရပါတယ်။ အသားထဲက လောက်ထွက်၊ ဆန်ကောလောက်မှ ဇောက်မနက်တဲ့ ပုဆိန်ရိုးတွေပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း EU က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေး ယူမှုစာရင်းမှာ နောက်ထပ် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကိုပါ ထပ်ပြီး တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ EU နိုင်ငံတွေကို ဝင်ရောက်သွားလားခွင့် ပိတ်ပင် လိုက်သလို EU နိုင်ငံတွေမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီမှာ ကြက်တူ ရွေးက တော်တော်၊ မယ်ဘော်က ကဲဆိုတာလို ဥရောပက မြန်မာ့အရေးလှုပ်ရှားသူဆိုတဲ့ "နွယ်အောင်" ပြောတဲ့ စကားကတော့ အတော်လေးကို ရှက်စရာကောင်းလှပါတယ်။ နွယ်အောင် တို့အနေနဲ့ တရားရေးဆိုင်ရာ အမှုထမ်းတွေအပြင် အာမခံလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း ငါး၊ ပုစွန်တို့ကိုပါ ပိတ်ဆို့တောင်းဆိုထားကြောင်း၊ ဒါပေမယ့် အဲဒီနှစ်ခုက အချိန်မမီလိုက်ကြောင်း၊ ဒါကြောင့် EU ရဲ့ ယခုပိတ်ဆို့မှုဟာ ထိရောက်သင့်သလောက် ထိရောက်တာမှန်သော်လည်း သူတို့လိုဘနဲ့ဆိုရင် ကျေနပ်လောက်အောင် မရှိသေးဘူးလို့ ပြောသွားတာပါ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကျိုးရှိရာရှိကြောင်း ဘာတစ်ခုမှမလုပ်ခဲ့ဘဲ ပျက်စီးရာ ပျက်စီးကြောင်းကိုသာ တစိုက် မတ်မတ် လုပ်လာခဲ့တဲ့အပြင်များများကြီး ပျက်စေချင်တာ နည်းနည်းလေးပဲ ပျက်သွားလို့ သိပ်ကို စိတ်ပျက် မိပါတယ်ဆိုတဲ့ သူတို့ရဲ့ခံယူချက်နဲ့ လုပ်ရပ်ကတော့ တကယ့်ကို နိမ့်ကျလွန်းလှပါတယ်။ ကိုယ့်ကိုယ်ကို မြန်မာ လူမျိုးလို့ ခံယူသေးတယ်ဆိုရင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ် ဒီလောက်အထိ ကျေးဇူးမကန်းသင့်ပါဘူး။ သွေးမတော်သားမစပ်တဲ့ အခြားနိုင်ငံက အထက်လွှတ်တော်အမတ်တစ်ဦးကတောင် သင့်တင့်မျှတတဲ့ စိတ်ထား နဲ့ မြန်မာပြည်သုတွေအပေါ် စေတနာထားနိုင်သေးရင် မြန်မာ့သွေးသားစစ်စစ်တွေက ဒီထက်ပိုပြီး စေတနာထား သင့်ကြတယ် မဟုတ်လား။

ယခု Mr.Jim Webb ရဲ့ ခရီးစဉ်အောင်မြင်မှုနဲ့အတူ သူ့ရဲ့ခရီးစဉ်ကို အမေရိကန်အစိုးရက ကြိုဆိုကြောင်း သတင်းထုတ်ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေကလည်း Mr.Jim Webb ဟာ အမေရိကန် အကြီးတန်းအရာရှိတစ်ယောက်အနေနဲ့ မြန်မာအကြီးအကဲနဲ့ ပထမဦးဆုံး တွေ့ဆုံခွင့်ရရှိခဲ့သူ ဖြစ်တယ်၊ မြန်မာအစိုးရရဲ့ အပြုသဘောတုံ့ပြန်မှုတွေကြောင့် သူ့ခရီးစဉ်ဟာမျှော်မှန်းထားသည် ထက် အောင်မြင်ခဲ့တယ်လို့ ဝေဖန်သုံးသပ် ကြိုဆိုခဲ့ကြပါတယ်။

ကျွန်တော်တို့ဘက်က ကြည့်ပြန်ရင်လည်း နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အပြု သဘောဆောင်ပြီး ချစ်ကြည်ရင်းနှီးမှုရှိတဲ့ သဘောထားကိုထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ လူသားချင်း စာနာ ထောက်ထားမှုနဲ့ လူ့အခွင့်အရေးအပေါ်တန်ဖိုးထား လေးစားမှုကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုအပေါ် အလေးအနက်ထားသလို တစ်ဖက်ကလည်း ပျော့ပျောင်းညင်သာတဲ့ ရပ်တည် မှုကိုအခြေခံပြီး ဥပဒေကြောင်းအရ မျှမျှတတနဲ့ သင့်လျှော်လျောက်ပတ်မှုအရှိဆုံးဖြစ်အောင်သုံးသပ် ဆုံးဖြတ် ဆောင်ရွက်နိုင်ခဲ့တာကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် ခြုံပြီးပြောရရင် Mr.Jim Webb ရဲ့ ခရီးစဉ် တစ်ခုဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ အပြုသဘောဆောင်တဲ့ဆက်ဆံရေးဖြစ်ထွန်းနိုင်ဖို့ အစပထမဦးဆုံး ခြေလှမ်းပဲဖြစ်တယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ တကယ်တော့မိုင်တစ်ထောင်ခရီးရှည်ကြီးကို အမှန် တကယ် စတင်လိုက်တာဟာ ပထမဦးဆုံးခြေလှမ်းပဲ မဟုတ်ပါလား။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌက ၂၀၀၉ခုနှစ်၊ သြဂုတ်(၁၀)ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ် ခဲ့ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဆိုင်ရာ ညွန်ကြားချက် ထုတ်ပြန်ခြင်း

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌက ၂၀၀၉ ခုနှစ်၊ သြဂုတ်(၁၀)ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါက ကျခံရန်ရှိသော ပြစ်ဒဏ်အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဆိုင်ရာ ညွန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၄င်းညွှန်ကြားချက် အပြည့်အစုံမှာ -

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဥက္ကရုံး

စာအမှတ်၊ ၀၄/နယက(ဥ)/လငခ
ရက်စွဲ ၊ ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၀ ရက်။

သို့
ဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
အကြောင်းအရာ။ ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်းအပေါ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပါက ကျခံရန်ရှိသောပြစ်ဒဏ်အား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့်ကောင်းမွန် စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

၁။ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၇/ ၂၀၀၉ ဖြင့် နိုင်ငံ တော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်းအပေါ် တာဝန်ရှိ သူများက မလွှဲမရှောင်သာပဲ တရားစွဲဆိုမှုပြုခဲ့ရခြင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အနေဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ပါသည်။
၂။ သို့ရာတွင် တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေနှင့် အညီ မှန်ကန်မျှတစွာ တရားစီရင်မှုကို နိုင်ငံသားအားလုံးက လေးစားလိုက်နာ ခံယူကြရမည် ဖြစ်ပါသည်။
၃။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ တစ်ဦးအပေါ်တစ်ဦး အာဃာတများ မရှိစေရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ရည်စူး၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌအနေဖြင့် မိမိ၏ လုပ်ပိုင်ခွင့်အာဏာအတွင်းမှ သူမအပေါ် စာနားထောက်ထား ညှာတာမှုပြုလိုပါသည်။
၎။ သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိရပြီး ပြစ်ဒဏ်ချမှတ်ပါက မည်သို့ပင် ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မ (၅)အရ၊ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံစေရန် လျှော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့လိုက်သည်။
၅။ အထက်အပိုဒ်(၄)ပါ ပြစ်ဒဏ်ဆိုင်းငံ့ကာလအတွင်း ဒေါ်အောင်းဆန်းစုကြည်အား သူမ၏နေအိမ် ဖြစ်သော ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက် ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄/၅၆ နေအိမ်၌ ပူးတွဲပါသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့်ပြုလိုက်သည်။
၆။ ဒေါ်အောင်ဆန်းစုကြည်သည် လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲပါသတ်မှတ်ပေးထားသော စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်စွာနေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ


နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏ အဆိုပါညွှန်ကြားချက်အရ ပြည်ထဲ ရေးဝန်ကြီးဌာနကလည်း သြဂုတ်(၁၀) ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကို ဆက်လက် ထုတ်ပြန်ခဲ့ပြီး ၎င်းအမိန့်ကို ဒေါ်အောင်ဆန်းစုကြည်အား ဖတ်ပြအသိပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ခရီးရှည်ကြီးအတွက် ပထမဦးဆုံးခြေလှမ်း

့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဌ အထက်လွှတ်တော်အမတ် Mr. Jim Webb ရဲ့ မြန်မာနိုင်ငံခရီးစဉ်အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီ်း Mr. Yettaw လည်း Mr. Jim Webb နဲ့အတူ ပြည်တော်ပြန်ခွင့် ရရှိသွားခဲ့ပါပြီ။ ဒီဖြစ်စဉ် ဖြစ်ရပ်တွေအပေါ် အကြောင်းပြုပြီး ဒီခရီ်းစဉ်ဟာ အောင်မြင်တဲ့ခရီ်းစဉ်၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံ ရေးအပေါ် အပြုသဘော ရှုမြင်မှုများ တိုးပွားလာစေနိုင်တဲ့ ခရီးစဉ်၊ မြန်မာတို့ရဲ့ သဘောထားကြီးမြတ်မှုနှင့် စာနာ ထောက်ထား သက်ညှာတတ်မှုကို အလေးအနက် ဖော်ပြနိုင်ခဲ့တဲ့ ခရီးစဉ်အဖြစ် အားလုံးက ၀မ်းသာလှိုက်လှဲစွာ အသိအမှတ်ပြု ကြိုဆိုခဲ့ကြပါပြီ။ Mr. Jim Webb ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်ရရှိခဲ့သလို နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံ ဆွေးနွေး အမြင်ဖလှယ်ခွင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကော်မရှင်၊ လူမှုရေးအသင်းအဖွဲ့များ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ၊ တရားဝင် မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီများ စသဖြင့် နယ်ပယ်ကဏ္ဍစုံလင်စွာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင် Mr. Jim Webb ရဲ့ ခရီးစဉ် အပေါ် နိုင်ငံ တော်က အလေးထားပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်ဆိုတာ ထင်ရှားလှပါတယ်။ ယခုခရီးစဉ်အတွင်း Mr. Jim Webb အနေနဲ့ သူ့နိုင်ငံသား Mr. Yettaw အတွက် အကောင်းဆုံး အကျိုးဆောင်ပေးနိုင်ခဲ့တယ်လို့ နိုင်ငံ တကာ မီဒီယာများက ချီးကျူးခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဆုံရာမှာ Mr. Jim Webb ကိုယ်တိုင် မေတ္တာရပ်ခံချက် (၂) ရပ်ကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပထမအချက်ကတော့ မြန်မာနိုင်ငံဥပဒေကို ချိုးဖောက်ပြီး အရေးယူခံခဲ့ရတဲ့ Mr. Yettaw ကိုပြန်လွှတ်ပေးပါရန်နဲ့ ဒုတိယအချက်ကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုရန် ဖြစ်ပါတယ်။ Mr. Jim Webb ကိုယ်တိုင်က Mr. Yettaw ရဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံဥပဒေအရ ဆိုးရွားတဲ့ ပြစ်မှုကျူးလွန်ရာရောက်တဲ့အတွက် ၎င်းဘက်မှနေ၍ ၀န်ချတောင်းပန်မှု မပြုလိုပါကြောင်း၊ သို့သော် လူမှုရေးရှုထောင့်အရ Mr. Yettaw ကိုပြန်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ မိမိ ၏မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံအစိုးရဘက်မှ လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရ သဘော ထားကြီးစွာဖြင့် ဥပဒေဘောင်အတွင်းမှ လိုက်လျောဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာ အစိုးရက အလေးအနက်ထား တုံ့ပြန်ခဲ့တဲ့ အတွက် Mr. Yettaw ဟာမိသားစုနဲ့ ပြန်လည်ဆုံစည်းခွင့် ရရှိခဲ့ပြီ ဖြစ်ပါကြောင်း ပြောကြားတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော့အမြင်ပြောရရင် Mr. Yettaw ဟာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် အပြစ်ရှိတာမှန်သော်လည်း ကျန်းမာရေးအခြေအနေအရ ငဲ့ညှာသင့် တဲ့အနေအထားလို့ ယူဆမိပါတယ်၊ ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာနိုင်ငံရဲချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ ပြောကြား ချက်တွေအရ Mr. Yettaw လနဲ့ချီပြီး အစာမစားတဲ့ အနေအထားဟာ စိုးရိမ်စရာပါ။ မည်သို့ပင်ဖြစ်စေ နိုင်ငံ တော်အပိုင်းက သူ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အများကြီး ငွေကုန်ကြေးကျခံပြီး ဆောင်ရွက်ပေး ခဲ့တာလည်း အမှန်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ Mr. Jim Webb နဲ့တကွ အမေရိကန်သံရုံးက သက်ဆိုင်ရာ ဌာနများကို မေတ္တာရပ်ခံလာတဲ့အတွက် Mr. Yettaw ရဲ့ကျန်းမာရေးနဲ့ဘ၀ရှေ့ရေးအတွက်စာနာထောက်ထား တဲ့အနေနဲ့ရော၊ အမေရိကန်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အလေးအနက်ထားတဲ့အနေနဲ့ပါ သက်ဆိုင်ရာက Mr. Yettaw ကိုချမှတ်ထားတဲ့ ပြစ်ဒဏ်များအနက် ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန် လျှော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိတဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ခြင်းနဲ့ ပြည်နှင်အမိန့်ထုတ်ပြန်ပြီး Mr.Jim Webb နဲ့အတူ ပြန်လည်ထွက်ခွာခွင့် ပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပြည်နှင်ဒဏ်ပေးမှုအမိန့်ကို ဖတ်ကြားပြီးနောက်မှာ Mr. Yettaw ပါလာတဲ့ ပစ္စည်း (၁၃) မျိုးနဲ့ ဆေး (၁၇) မျိုးတို့ကို Mr. Yettaw နဲ့အတူ အမေရိကန်ကောင်စစ်ဝန်ထံ စနစ်တကျ လွှဲပြောင်းပေးခဲ့ပါတယ်။ ပြည်နှင်ဒဏ်အမိန့်အရ Mr. Yettaw ဟာ မြန်မာနိုင်ငံထဲကို တရားမ၀င် ပြန်လည်ဝင်ရောက်လာမယ်ဆိုရင် ဆိုင်းငံ့ထားတဲ့ ပြစ်ဒဏ်ကို ကျခံရမှာဖြစ်တဲ့အပြင် လ၀က ဥပဒေအရ ထောင်ဒဏ် (၃) နှစ် ထပ်မံကျခံရမှာ ဖြစ်ကြောင်းကိုလည်း Mr. Yettaw ကို တပါတည်း အသိပေး ပြောကြားလိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာ ဖြောင့်မတ် ခိုင်မာပြီး လူသားချင်းစာနာထောက်ထားမှုနဲ့ သဘောထားကြီးမှုအပေါ်မှာလည်း အခြေခံထားတယ်ဆိုတာ ပြသနိုင် လိုက်ခြင်းပါပဲ။ Mr. Jim Webb ရဲ့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခွင့်ပြုခဲ့ခြင်းအပေါ် ထူးခြားတဲ့ လိုက်လျောမှုတစ်ရပ်အဖြစ် နိုင်ငံတကာ မီဒီယာတချို့က ပုံဖော်နေကြပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ခြင်းအပေါ် သွယ်ဝိုက်ပြီး ထောက်ပြလိုတဲ့ သဘောပါပဲ။ တကယ်တော့ အခြေအနေနှစ်ရပ်ရဲ့ ခြားနားချက်ကို ခွဲခြားမမြင်နိုင်လို့ ဒီလိုတွေ ဝေဖန်နေကြခြင်း ဖြစ်ပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီ်းစဉ်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုကိစ္စအတွက် တရားရုံးမှာ တရားရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ သက်ဆိုင်ရာတရားရုံးရဲ့ ဥပဒေကြောင်းအရ စီရင်ပိုင်ခွင့်အောက်မှာ ရှိုနေပါတယ်။ ယခု အချိန်မှာတော့ သူမဟာ တရားရင်ဆိုင်မှု ပြီးဆုံးပြီး ဆိုင်းငံ့ပြစ်ဒဏ်နဲ့ နေအိမ်မှာ သီးခြားနေထိုင်ခွင့် ရရှိနေပါပြီ။ ဒါကြောင့် အခြေအနေ နှစ်ရပ်ရဲ့ ခြားနားချက်ကို ခွဲခြားပြီးမြင်တတ်ဖို့ လိုပါတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီးနဲ့ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်ခဲ့သလို ယခု ပစ္စုပ္ပန်မှာလည်း အလေးထား ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အနာဂတ်မှာလည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလား တူ အထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့ အကျိုးဆောင်မှု ကဏ္ဍနဲ့ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အလေး အနက် အသိအမှတ်ပြု တန်ဖိုးထားပါတယ်။ သို့သော် အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အတွင်းမှာ အခြေအနေနဲ့ အချိန်အခါက ခွင့်မပြုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးနိုင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ယခု ဝေဖန်နေကြတဲ့ နိုင်ငံတကာမီဒီယာ အချို့ သိစေချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အခြားနိုင်ငံများ အားလုံးနဲ့ ချစ်ချစ်ခင်ခင် ပူးပေါင်း ဆောင်ရွက်သွားလိုတဲ့၊ အပြုသဘောအမြင် အပြည့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးမူကြီး (၅) ရပ်နဲ့အညီ နိုင်ငံအားလုံးကို ရင်းနှီးချစ်ခင်စွာ တန်းတူရည်တူ ဆက်သွယ်ဆက်ဆံ ဆောင်ရွက်လျှက် ရှိပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာနိုင်ငံကြီးငယ်မခွဲ၊အုပ်စုဘက်လိုက်မှုမရှိဘဲ မျှမျှတတ ရပ်တည် ဆက်ဆံ ဆောင်ရွက် လျက်ရှိပါတယ်။ ယခု Mr.Jim Webb ရဲ့ခရီးစဉ်အတွင်း အပြည့်အဝ ပူပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဟာလည်း အမေရိကန်လို နိုင်ငံကြီးမို့လို့ ဆောင်ရွက်ပေးတာမျိုးမဟုတ်ဘဲ ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေဆိုတဲ့ စိတ်ရင်း အခံနဲ့ ဆောင်ရွက်ပေးခြင်းသာ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှသာမဟုတ်ဘဲ ကျန်တဲ့ အခြားနိုင်ငံများအားလုံး ကိုလည်း ဒီသဘောထားရပါတည်ချက်အတိုင်းသာ ဆက်ဆံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီလို သဘောထားရပ်တည်ချက်မှန်ကန်ပြီး နှစ်နိုင်ငံဆက်ဆံေ၇းကို အလေးအနက်ထား ဆောင်ရွက်ပေးခဲ့တဲ့ အပေါ် Mr.Jim Webb က မြန်မာအစိုးရရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင် ရှိပါကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ အနာဂတ်ယုံကြည်မှု တည်ဆောာက်ရေးအတွက်အခြေခံအုတ်မြစ်စတင်နိုင်ရေး နည်းလမ်းများအဖြစ် နှစ်နိုင်ငံစလုံးက အသုံးချနိုင်ဖို့ မျှော်လင့်ပါတယ်လို့လည်းဆိုပါတယ်။ ရန်ကုန်လေဆိပ်က မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲမှာလည်း Mr.Jim Webb က မြန်မာအစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ အမေရိကန်နဲ့ မြန်မာနိုင်ငံတို့အပြန်လှန်နားလည်မှုရရှိပြီး အနာဂတ်ကာလတွင် အလုပ်သဘောဆက်လက်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်ယခုခရီးစဉ်က အကျိုးပြုနိုင်လိမ့် မည်ဟု မျှော်လင့်ပါကြောင်း၊ ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတမှုရှိရန် လိုအပ် ပါကြောင်း၊ တရားမျှတမှုရှိမည်ဟုလည်း မျှော်လင့်ပါကြောင်း၊ မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ် တိုးတက်လာ ရေးအတွက် ကြုံတွေ့နေရသော အတားအဆီးများကို ကျော်လွှားနိုင်ရန် အလေးအနက် ဆွေးနွေးနိုင်ခဲ့ ပါကြောင်း၊ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆက်လက်တိုး တက်လာမည် ဟုမျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှုတည်ဆောက်ရေးတွင် ကြုံတွေ့နေရသော အတားအဆီးများကို တစ်ချိန်ချိန်တွင် ကျော်လွှားနိုင်မည်ဟု ယခင်ကပင် ယုံကြည်ချက်ရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် တိုးတက် ကောင်းမွန်ရေးအတွက် ယခုခရီးစဉ်အတွင်း လေ့လားတွေ့ရှိချက်များကို အခြေခံ၍ မိမိ၏ အစိုးရအဖွဲ့နှင့်ရော၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်ပါ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါကြောင်း စသဖြင့် အပြုသဘော ရှင်းလင်းပြောကြားသွားခဲ့တာ တွေ့ရှိရပါတယ်။
ဒါ့အပြင် သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ မြန်မာနိုင်ငံအပေါ် သမားရိုးကျ စီးပွားရေး ပိတ်ဆို့မှုပြုလုပ်ထားခြင်းမှာ အကျိုးမရှိဟု ထင်မြင်ယူဆပါကြောင်း ပြောကြားသွားခဲ့ပါတယ်။ တကယ်လည်း Mr.Jim Webb ဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပေးနိုင်ဖို့အတွက် သံတမန်ရေး ညှိနှိုင်းမှုကို အတိအလင်း ထောက်ခံခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆန့်ကျင်ဘက်ပါတီကြီးတစ်ခုရဲ့ ပြောရေးဆိုခွင့်ရပ်ကွက်က မြန်မာ နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ကန့်ကွက် ရပါတည်ခဲ့သူ Mr.Jim Webb အပေါ် လက်ခံကြိုဆို ရမယ့် နိုင်ငံရေးသမားတစ်ယောက်အဖြစ် သဘောမထားနိုင်ကြောင်း၊ ဒီမိုကရေစီရေးအတွက် ဘာအကျိုး ပြုချက်မှ မရှိခဲ့လို့ သူရဲ့ခရီးစဉ်အပေါ် စိတ်ဝင်စားမှုမရှိကြောင်း ခရီးစဉ်မတိုင်မီကတည်းက ဆန့်ကျင်ပြောကြား ခဲ့တယ်လို့ ကြားသိရပါတယ်။
တစ်ဆက်တည်းပြောရရင် မေရိကန်နိုင်ငံရဲ့ အရေးပါတဲ့ အထက်လွတ်တော် အမတ်တစ်ဦးကတောင် ကျွန်တော် တို့နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ခိုင်ခိုင်မာမာ ဆန့်ကျင် ကန့်ကွက်ရပ်တည်နေတဲ့ အခြေအနေမျိုးမှာ မြန်မာနိုင်ငံသားစစ်စစ် ပြည်တွင်းပြည်ပ ဆန့်ကျင်ရေးသမားအုပ်စုတွေကတော့ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်သည်ထက်ရောက်အောင် စီးပွားရေးပိတ်ဆို့မှုတွေ တိုးမြှင့်ဆောင်ရွက်ပေးဖို့ ဝိုင်းဝန်းလှုံ့ဆော် တောင်းဆို ကြိုးပမ်းနေကြတာကို တွေ့နေရပါတယ်။ အသားထဲက လောက်ထွက်၊ ဆန်ကောလောက်မှ ဇောက်မနက်တဲ့ ပုဆိန်ရိုးတွေပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း EU က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေး ယူမှုစာရင်းမှာ နောက်ထပ် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကိုပါ ထပ်ပြီး တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ EU နိုင်ငံတွေကို ဝင်ရောက်သွားလားခွင့် ပိတ်ပင် လိုက်သလို EU နိုင်ငံတွေမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီမှာ ကြက်တူ ရွေးက တော်တော်၊ မယ်ဘော်က ကဲဆိုတာလို ဥရောပက မြန်မာ့အရေးလှုပ်ရှားသူဆိုတဲ့ "နွယ်အောင်" ပြောတဲ့ စကားကတော့ အတော်လေးကို ရှက်စရာကောင်းလှပါတယ်။ နွယ်အောင် တို့အနေနဲ့ တရားရေးဆိုင်ရာ အမှုထမ်းတွေအပြင် အာမခံလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း ငါး၊ ပုစွန်တို့ကိုပါ ပိတ်ဆို့တောင်းဆိုထားကြောင်း၊ ဒါပေမယ့် အဲဒီနှစ်ခုက အချိန်မမီလိုက်ကြောင်း၊ ဒါကြောင့် EU ရဲ့ ယခုပိတ်ဆို့မှုဟာ ထိရောက်သင့်သလောက် ထိရောက်တာမှန်သော်လည်း သူတို့လိုဘနဲ့ဆိုရင် ကျေနပ်လောက်အောင် မရှိသေးဘူးလို့ ပြောသွားတာပါ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကျိုးရှိရာရှိကြောင်း ဘာတစ်ခုမှမလုပ်ခဲ့ဘဲ ပျက်စီးရာ ပျက်စီးကြောင်းကိုသာ တစိုက် မတ်မတ် လုပ်လာခဲ့တဲ့အပြင်များများကြီး ပျက်စေချင်တာ နည်းနည်းလေးပဲ ပျက်သွားလို့ သိပ်ကို စိတ်ပျက် မိပါတယ်ဆိုတဲ့ သူတို့ရဲ့ခံယူချက်နဲ့ လုပ်ရပ်ကတော့ တကယ့်ကို နိမ့်ကျလွန်းလှပါတယ်။ ကိုယ့်ကိုယ်ကို မြန်မာ လူမျိုးလို့ ခံယူသေးတယ်ဆိုရင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ် ဒီလောက်အထိ ကျေးဇူးမကန်းသင့်ပါဘူး။ သွေးမတော်သားမစပ်တဲ့ အခြားနိုင်ငံက အထက်လွှတ်တော်အမတ်တစ်ဦးကတောင် သင့်တင့်မျှတတဲ့ စိတ်ထား နဲ့ မြန်မာပြည်သုတွေအပေါ် စေတနာထားနိုင်သေးရင် မြန်မာ့သွေးသားစစ်စစ်တွေက ဒီထက်ပိုပြီး စေတနာထား သင့်ကြတယ် မဟုတ်လား။
ယခု Mr.Jim Webb ရဲ့ ခရီးစဉ်အောင်မြင်မှုနဲ့အတူ သူ့ရဲ့ခရီးစဉ်ကို အမေရိကန်အစိုးရက ကြိုဆိုကြောင်း သတင်းထုတ်ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေကလည်း Mr.Jim Webb ဟာ အမေရိကန် အကြီးတန်းအရာရှိတစ်ယောက်အနေနဲ့ မြန်မာအကြီးအကဲနဲ့ ပထမဦးဆုံး တွေ့ဆုံခွင့်ရရှိခဲ့သူ ဖြစ်တယ်၊ မြန်မာအစိုးရရဲ့ အပြုသဘောတုံ့ပြန်မှုတွေကြောင့် သူ့ခရီးစဉ်ဟာမျှော်မှန်းထားသည် ထက် အောင်မြင်ခဲ့တယ်လို့ ဝေဖန်သုံးသပ် ကြိုဆိုခဲ့ကြပါတယ်။
ကျွန်တော်တို့ဘက်က ကြည့်ပြန်ရင်လည်း နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အပြု သဘောဆောင်ပြီး ချစ်ကြည်ရင်းနှီးမှုရှိတဲ့ သဘောထားကိုထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ လူသားချင်း စာနာ ထောက်ထားမှုနဲ့ လူ့အခွင့်အရေးအပေါ်တန်ဖိုးထား လေးစားမှုကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုအပေါ် အလေးအနက်ထားသလို တစ်ဖက်ကလည်း ပျော့ပျောင်းညင်သာတဲ့ ရပ်တည် မှုကိုအခြေခံပြီး ဥပဒေကြောင်းအရ မျှမျှတတနဲ့ သင့်လျှော်လျောက်ပတ်မှုအရှိဆုံးဖြစ်အောင်သုံးသပ် ဆုံးဖြတ် ဆောင်ရွက်နိုင်ခဲ့တာကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် ခြုံပြီးပြောရရင် Mr.Jim Webb ရဲ့ ခရီးစဉ် တစ်ခုဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ အပြုသဘောဆောင်တဲ့ဆက်ဆံရေးဖြစ်ထွန်းနိုင်ဖို့ အစပထမဦးဆုံး ခြေလှမ်းပဲဖြစ်တယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ တကယ်တော့မိုင်တစ်ထောင်ခရီးရှည်ကြီးကို အမှန် တကယ် စတင်လိုက်တာဟာ ပထမဦးဆုံးခြေလှမ်းပဲ မဟုတ်ပါလား။


ပတ်ဝန်းကျင်သန့်ရှင်းမှု အစဉ်ဂရုပြု သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်

ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကုသရေးလုပ်ငန်းများ နည်းတူ ရောဂါကြိုတင်ကာကွယ်ရေးသည်လည်း အရေးပါသည်။ မိုးရာသီကာလများတွင် ခြင်ပေါက်ပွားမှုအများဆုံးဖြစ်ရာ သွေးလွန်တုပ်ကွေးရောဂါ ပိုမိုဖြစ်ပွားနိုင်သဖြင့် ပတ်ဝန်းကျင်သန့်ရှင်းမှု အစဉ်ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်သည်။
သာမန်ဖျားနာခြင်းသည် အန္တရာယ်မရှိသော်လည်း ဖျားပြီး အပူချိန်တက်ခြင်း၊ ၀မ်းသွားခြင်း၊ ကော်ဖီရောင်အန်ခြင်းတို့ ဖြစ်လာပါက အန္တရာယ်ရှိသည်။ သုံးရက်ခန့်အထိ
အဖျားမကျခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မကြာခဏအန်ခြင်း၊ အဖျားကျသွားသော်လည်း
မှိန်းနေခြင်း၊ ခြေဖျား၊လက်ဖျားအေးနေခြင်းတို့ဖြစ်ပါက ဆေးရုံသို့အမြန်ပို့ဆောင်ပေးရမည်
ဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် အသက်ငါးနှစ်ဝန်းကျင်မှ ၁၀နှစ်အရွယ် ကလေးများတွင် အဖြစ်များတတ်သည်။ ယခုအခါ အသက် ၁၄ နှစ်မှ ၃၀ ကျော်လူငယ်များတွင်ပါ ရောဂါဖြစ်ပွားမှုရှိကြောင်း သိရသည်။ ရေကြည်ရေသန့်တို့တွင်
ပေါက်ပွားသော ခြင်ပုန်း၊ခြင်ကျား အကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွား နိုင်သောကြောင့် ရာသီမရွေး ခြင်နှိမ်နင်းရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။
ခြင်ပုန်းများ မပေါက်ပွားစေရန် အုတ်ရေကန်၊ ရေစည်၊ ရေအိုးများလုံခြုံစွာ ဖုံးအုပ်ထားခြင်း၊ သုံးရေအိုး၊ ပန်းအိုးတို့မှရေကို နေ့စဉ်လဲလှယ်ပေးခြင်း၊ ပိုးလောက်လန်းများအား ရေစစ်ဖြင့် ခပ်ထုတ်ခြင်း၊ ခြင်ကိုက်မခံရစေရန်ခြင်ထောင်၊ ဆေးစိမ်ခြင်ထောင်များ အသုံးပြု အိပ်ခြင်းတို့ကိုသတိပြု လုပ်ဆောင်ကြရမည်ဖြစ်သည်။
ရန်ကုန်မြို့အတွင်း သွေးလွန်တုပ်ကွေးအဖြစ်များသော မြို့နယ် ၁၆ မြို့နယ်တွင် ပိုးလောက်လန်း သေစေနိုင်သော ဆေးရည်များကို မေလနှင့်ဇူလိုင်လဆန်းပိုင်းအတွင်း
လိုက်လံခပ်ပေးခဲ့သည်။ ပြည်သူများအပိုင်းကလည်း မိမိအိမ်ပတ်ဝန်းကျင်ရှိ ရေ၀ပ် နိုင်သောနေရာများအား မြေဖို့ခြင်း၊ မိုးရေတင်နေနိုင်သော ဘူးခွံ၊ ပုံးခွံ၊ တာယာစုတ်၊ အိုးခြမ်းပဲ့ စသည်တို့အား အခါမလပ် ရှင်းလင်းကြရမည်ဖြစ်သည်။
ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲအစည်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိရာ မိဘပြည်သူတိုင်းက ကျန်းမာရေးအသိဖြင့် ရပ်ရွာပတ်ဝန်းကျင်၊
ကျေင်းနှင့်ဝန်းကျင် ရာသီမရွှေးခြင်နှိမ်နင်းရေးလုပ်ငန်းများတွင် ၀ိုင်းဝန်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ။

ကလေးသူငယ်များ လွန်မင်းစွာငိုကြွေးမှု ကိုယ်ဝန်ဆောင်ချိန်တွင် ဖခင်များ၏စိတ်ခံစားမှုနှင့်ဆက်စပ်

ကလေးသူငယ်များ လေထိုးလေအောင့် ဝေဒနာခံစားနေရမှုနှင့် ပတ်သက်၍ မိခင်များအပေါ် အပြစ်ဆိုရန်ယူဆခဲ့လင့်ကစား အဆိုပါကလေးသူငယ်အား ကိုယ်ဝန်ဆောင်ရှိစဉ်က ဖခင်ဖြစ်သူ၏ စိတ်ခံစားမှုနှင့်အပြုအမူများမှာ ယင်းကိစ္စတွင်အရေးပါကြောင်း လေ့လာသိရှိလာရပြီဟု ဆိုသည်။ စူးစမ်းလေ့လာချက်
ကလေးသူငယ်တစ်ယောက် ရက်သတ္တပတ်အတွင်း သုံးရက်မက တစ်နေ့လျှင် သုံးနာရီကျော်မျှငိုကြွေးနေခြင်း၊
သို့မဟုတ် လေထိုးလေအောင့်ဝေဒနာခံစားကာ ငိုယိုနေလျှင် ယင်းသို့ငိုခြင်းမှာ မိခင်များ၏ စိတ်ကျဝေဒနာနှင့်
ဆက်စပ်နေသည်ဟူ၍ ယခင် စူးစမ်းလေ့လာချက်များက ဆိုသည်။
ယခုအချိန်အထိလည်း ကလေးမမွေးဖွားမီ မိခင်ဖြစ်သူတို့၏ စိတ်ကျန်းမာ ကိုယ်ချမ်းသာမှုအပေါ် အလေးထား
တွေးဆမှတ်ယူ ဆုံးဖြတ်ခဲ့သည်။
ဖခင်၏စိတ်ကျဝေဒနာ
သို့သော် နောက်ဆုံးစူးစမ်းတွေ့ရှိချက်မှုတည်၍ ကလေးသူငယ်များ အလွန်အမင်းငိုကြွေးခြင်းမှာ ၎င်းအား
ကိုယ်ဝန်ဆောင်စဉ် ဖခင်ဖြစ်သူ၏ စိတ်ကျဝေဒနာကြောင့်ဖြစ်ကြောင်း အတိအလင်းဖော်ပြထားသည်။
ထို့ကြောင့် ကိုယ်ဝန်ရှိစဉ် မိခင်ရော ဖခင်ပါ စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိရန်လိုကြောင်း သုတေသီများက
အကြံပြုထားသည်။

အမေရိကန်နှင့် အပေါင်းအပါတပ်ဖွဲ့ဝင်များ ကျူးကျော်စွက်ဖက်ဝင်ရောက်မှုကြောင့် အီရတ်ပြည်သူများသေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေ

အီရတ်နိုင်ငံသို့ အမေရိကန်နှင့် အပေါင်းအပါတပ်ဖွဲ့ဝင်များ ကျူးကျော်စွက်ဖက်ဝင်ရောက်ခဲ့သည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။
အမေရိကန်နှင့် အပေါင်းအပါတပ်ဖွဲ့ဝင်များ၏ ကျူးကျော်စွက်ဖက်ဝင်ရောက်ခဲ့မှုကြောင့် အီရတ်ပြည်သူအများအပြား နေ့စဉ်သေဆုံး၊ ဒဏ်ရာရလျှက်ရှိသည်။


အီရတ်ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှု
အီရတ်နိုင်ငံသို့ အမေရိကန်နှင့်အပေါင်းအပါတပ်ဖွဲ့ဝင်များ ကျူးကျော်စွက်ဖက်ဝင်ရောက်ခဲ့သည့်အချိန်မှစတင်ပြီး ဇူလိုင် ၁၄ ရက်အထိ သေဆုံးခဲ့သည့် အီရတ်ပြည်သူဦးရေမှာ ၆၉၇၉၃၇ ဦးရှိပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူဦးရေမှာ ၁၂၅၆၆၈၅ ဦး ဖြစ်ကြောင်း အင်တာနက်သတင်း၌ ဖော်ပြထားသည်။

၁။ သေဆုံးသူအီရတ်ပြည်သူများ - ၆၉၇၉၃၇ ဦး
၂။ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူ အီရတ်ပြည်သူများ -၁၂၅၆၆၈၅ ဦး



မြန်မာ့သစ်တောများ နိုင်ငံတစ်ဝန်း တိုးမြှင့်စိုက်ပျိုး သဘာဝကျွန်းတောများ ၀ိုင်းဝန်ထိန်းသိမ်းစောင့်ရှောက့်

မြန်မာနိုင်ငံ၏သစ်တောကဏ္ဍကို အမျိုးသားလူမှုစီးပွား ဖွံဖြိုးတိုးတက်ရေး၊ သဘာ၀၀န်းကျင် ထာဝစဉ်တည်ငြိမ်ရေးနှင့် ဂေဟစနစ်မျှတရေးတို့အတွက် ဦးတည်ကာ မူဝါဒများချမှတ် ဖော်ဆောင်လျက်ရှိသည်။

ကမ္ဘာပေါ်တွင် သဘာဝအလျှောက် ကျွန်းတောပေါက်ရောက်သော အဓိကနိုင်ငံလေးနိုင်ငံတွင် မြန်မာ၊ အိန္ဒိယ၊ ထိုင်း နှင့် လာအိုနိုင်ငံတို့ ပါဝင်ကြသည်။
မြန်မာ့သဘာဝကျွန်းတောထွက် ကျွန်းသစ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် လူကြိုက်အများဆုံးဖြစ်ပြီး နှစ်ပေါင်းများစွာကတည်းက တည်တံ့လာခဲ့သည်။ နိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုအခြေအနေကောင်းများကြောင့်
ကျွန်းမျိုးကောင်းများ ပိုမိုပေါက်ရောက်လျက်ရှိပြီး မြန်မာ့သဘာဝကျွန်းများအနက် ပဲခူးရိုးမကြီး၏ ထူးခြားသောဂုဏ်ဒြပ်သည် မြန်မာ့ဂုဏ်ဆောင် ကမ္ဘာကျော် မြန်မာ့ကျွန်းသစ်ထွက်ရှိရာ ဘူမိနက်သန်ပင်ဖြစ်သည်။
မြန်မာ့ရေမြေဒေသရင်း သဘာဝကျွန်းသစ်တောကြီးများသည် နိုင်ငံတော်၏ ဧရိယာထက်ဝက်နီးပါးခန့် ပေါက်ရောက်လျက်ရှိသည်။ သစ်တောဦးစီးဌာန၏ ၁၉၉၀ပြည့်နှစ်မတိုင်မီ မှတ်တမ်းတင်ထားသော မှတ်တမ်းများအရ ကမ္ဘာ့သဘာဝကျွန်းတောပေါက်ရောက်မှု ဟတ်တာ ၂၇ ဒသမ ၂၉သန်းရှိသည့်အနက် မြန်မာနိုင်ငံတွင် ဟတ်တာ ၁၆ ဒသမ ၂၅သန်းရှိကြောင်း ဖော်ပြထားသည် ပဲခူးရိုးမဧရိယာမှာ ဧက ၁၂ ဒသမ ၅၃သန်းရှိရာ သဘာဝကျွန်းတောကြီး ဖြစ်တည်ခဲ့သည်။
တိုက်ကြီးမြီု့နယ် မာဂရီကြိုးဝိုင်းတွင် ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ကျွန်းပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၁၁ရက်နေ့က ကျင်းပခဲ့ပြီး ကျွန်းစိုက်ခင်းများ ထူထောင်စိုက်ပျိုးခဲ့ကြသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင်လည်း သစ်တောဦးစီးဌာန၏ ကျေးလက်အိမ်ရာထူထောင်ရေး ကျေးရွာပိုင်သစ်တောစိုက်ခင်းတွင် တစ်ရွာတစ်ဧက၊ တစ်အိမ်ထောင်ကျွန်းသုံးပင် စိုက်ပျိုးခဲ့ကြသည်။
မြန်မာနိုင်ငံမှထွက်ရှိသောကျွန်းသည် ကမ္ဘာတွင်ကျော်ကြားပြီး လူကြိုက်များသဖြင့် ကျွန်းပင်များ မျိုးဆက်ပြတ်မသွားရန် ကျွန်းစိုက်ခင်းများ ယခုကဲ့သို့ တည်ထောင်စိုက်ပျိုးခြင်းအပြင် သစ်ပင်စိုက်ပျိုးရာသီတွင် သစ်ပင်စိုက်ပျိုးပွဲများတွင် ကျွန်းပင်များကိုပါ ထည့်သွင်းစိုက်ပျိုးလျက်ရှိသည်။
သို့ဖြစ်ဆရာ မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များနှင့် ပြည့်ဝလျက်ရှိရာ သဘာဝကျွန်းတောများနှင့် ကျွန်းပင်များ စဉ်ဆက်မပြတ်ရန်နှင့် အရှည်တည်တံ့ဖြစ်ထွန်းစေရန် ဒေသခံတိုင်းရင်းသားပြည်သူများက ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး အကျိုးပြု ကျွန်းနှင့်သစ်မာပင်များ စိုက်ပျိုးထူထောင်

မြန်မာနိုင်ငံတွင် ရေ မြေ သစ်တော သဘာဝသယံဇာတ အရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းလျက်ရှိသည်။ ကြိုးဝိုင်းသစ်တောများ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများကို သစ်တော ဥပဒေနှင့် အညီ ထိန်းသိမ်းဆောင်ရွက်နေသည်။
သစ်တောရေးရာဝန်ကြီးဌာနနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဒေသအလိုက် ကျေးရွာသုံးထင်းစိုက်ခင်းများ၊ ရေဝေရေလဲသစ်တောများ၊ ကျွန်းအထူးစိုက်ခင်းများကို တိုးချဲ့ထူထောင် စိုက်ပျိုးလျက်ရှိသည်။ကျွန်းသစ်များ ပေါက်ရောက်ဖြစ်ထွန်းသည့် ပဲခူးရိုးမတွင် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝသစ်တောများ ဖွံ့ဖြိုးရှင်သန်လာရေး အတွက် ရေဝေရေလဲ စိုက်ခင်းများ ထူထောင်လျက်ရှိသည်။
လှည်းကူးမြို့နယ်အတွင်း ပေါင်းလင်းကြိုးဝိုင်း၊ မဟူရာကြိုးဝိုင်း၊ ကလီထော်ကြိုးဝိုင်းများတွင် ကျွန်းနှင့် ဆီသပြေ၊ သစ်ဆိမ့်၊ ပျဉ်းကတိုး၊ စစ်၊ မအူ၊ ပျဉ်းမ၊ ပိတောက်စိုက်ခင်းများ ဖြစ်ထွန်းနေသည်။
အဆိုပါကြိုးဝိုင်းများ ပတ်ဝန်းကျင်တွင် ငမိုးရိပ်ချောင်း၊ မဟူရာချောင်းကြီးများနှင့် အခြားချောင်းများလည်းရှိရာ ရေ၀ပ်ဧရိယာကျယ်ပြန့်စွာ ရှိသည်။ထို့အပြင် မြို့နယ်အတွင်း အိမ်ထောင်စုတိုင်း ကျွန်းနှင့် သစ်မာပင်များကိုလည်း တစ်ပိုင်တစ်နိုင် ပါဝင်စိုက်ပျိုးနေကြသည်။
ယခုနှစ် မိုးရာသီတွင် တိုက်ကြီးမြို့နယ် မာဂရီကြိုးဝိုင်း္ပ္ပ္ပ္ပ္ပတွင် ပဲခူးရိုးမစိမ်းလန်းစိုပြေရေး ကျွန်းပင်များ စုပေါင်းစိုက်ပျိုးပွဲ ကျင်းပခဲ့သည်။ ကျွန်းစိုက်ခင်းနှင့် ကျွန်းပင်များအကြားတွင် ကြားသီးနှံအဖြစ် ပီလောပီနံပင်များကိုလည်း စိုက်ပျိုးထားသည်။
ကျွန်းနှင့် ပျဉ်းကတိုးအပါအ၀င် သစ်တောသစ်ပင်များသည် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အားထားရသည်။ ဒေသစိမ်းလန်း စိုပြည်ရေးကို အကျိုးပြုလျက်ရှိသည်။ ထို့အပြင် လူတို့ စားသောက်နေထိုင်ရေးတွင် အသုံးဝင်သည့် ပစ္စည်းများကိုလည်း ဖြည့်စွမ်းပေးနေသည်။
သစ်တောသစ်ပင်များသည် ရာသီဥတုကို ညီညွတ်မျှတစေပြီး သားငှက်တိရ စ္ဆာန်များအတွက် အသိုက်အမြုံ များကို ဖန်တီးပေးနေသောကြောင့် သစ်တောမပြုန်းတီးရေး၊ ဂေဟစနစ်များ တည်ငြိမ်ရေး ဂရုပြုထိန်းသိမ်းကြရမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့်အတူ ဒေသခံပြည်သူများအားလုံးက ကျွန်းနှင့် သစ်မာများ အပါအ၀င် သစ်တောသစ်ပင်များ တိုးချဲ့ထူထောင် စိုက်ပျိုးကြခြင်းဖြင့် သက်ရှိများ၏ စားသောက်နေထိုင်ရေး အကျိုးပြု သဘာဝပတ်ဝန်းကျင်ကောင်းများ ပိုမိုဖြစ်ထွန်းနေမည် ဖြစ်ပါသည်။ ။

အရက်အလွန်အကျွံသောက်လျှင် ဆီးကျိတ်ကင်ဆာ ပိုမိုဆိုးရွားနိုင်

အရက်ကို ပုံမှန်လွန်လွန်ကျူးကျူး သောက်သူများအနေဖြင့် ဆီးကျိတ်ကင်ဆာရောဂါဖြစ်ရန် အလားအလာ ပိုများပြီး ဆီးကျိတ်ကင်ဆာ ပျောက်ဆေးသုံးစွဲ နေရသူဖြစ်လျှင်
ဆေးအာနိသင် လျော့ပါးသွားတတ်ကြောင်း လေ့လာတွေ့ရှိရသည်ဆို၏။

အဓိက
အသက်အရွယ်အိုမင်းရင့်ရော်မှု၊ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားဖြစ်သူများ၊ ဆီးကျိတ်ကင်ဆာဖြစ်ဖူးသည့် မိသားစုမှ ပေါက်ဖွားသူများ၊ ဆေးလိပ်သောက်သူများနှင့် တိရစ္ဆာန်အဆီကို များများ စားသုံးသူများသည် ဆီးကျိတ်ကင်ဆာဖြစ်စေသည့်အဓိကအကြောင်းရင်းများဖြစ်ကြောင်း ယခင်လေ့လာ တွေ့ရှိချက်များ၌ ဖော်ပြလေ့ရှိခဲ့သည်။
သို့သော် ယခုတွေ့ရှိချက်အသစ်တွင် အရက် အလွန်အကျွံ သောက်သုံးမှုသည်လည်း ဆီးကျိတ်ကင်ဆာဖြစ်နိုင်ကြောင်း အထင်အရှားဖော်ပြထားသည်။

နှစ်ဆတိုးပွား

ရက်သတ္တပတ်လျှင် အနည်းဆုံး ငါးရက်၊ တစ်နေ့လျှင် အရက်လေးငါးကြိမ် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဆီးကျိတ်နှစ်ဆတိုးပွားလာမည့် လက္ခဏာရှိသည်။ ထို့ကြောင့် ဆီးကျိတ်ကင်ဆာပျောက်ဆေးပေးလျှင် ဆရာဝန်များအနေဖြင့်လူနာမည်ရွေ့ မည်မျှ အရက်အလွန်သောက်တတ်ကြာင်း ဦးစွာစိစစ်ပြီးမှဆေးသောက်ရန် ညွှန်ကြားသင့်သည်ဟုဆို၏။




ပြည်သူ့ကျန်းမာရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် အ၀လွန်ခြင်းကို ဆန်းစစ်ခြင်း

အ၀လွန်မှုသည် ယနေ့ရင်ဆိုင်နေရသည့် ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။
ဆက်စပ်မှု
အ၀လွန်ခြင်းကို သုတေသနပြု ဆန်းစစ်ကြည့်သောအခါ မိခင်ဖြစ်သူနှင့် သမီးများအကြား၊ ဖခင်ဖြစ်သူနှင့် သားများအကြား ဆက်စပ်မှု အခိုင်အမာရှိကြောင်း တွေ့ရသည်။
သို့သော် မိခင်နှင့် သားများ၊ ဖခင်နှင့် သမီးများကြားတွင် အ၀လွန်မှု ဆက်နွှယ်ခြင်းမရှိဟု သုတေသီများက ပြောဆိုသည်။
မိသားစု၂၂၆စုကို ဆန်းစစ်လေ့လာသည့်အခါတွင် အ၀လွန်သူမိခင်၏သမီးများမှာ သာမန်ထက်အ၀လွန်ရန် ၁၀ဆ ပိုများသည်။ အ၀လွန်သူဖခင်၏သားများမှာလည်း သာမန်ထက် အ၀လွန်ရန် ခြောက်ဆပိုများကြောင်းတွေ့ရသည်။ သိုသော် အ၀လွန်သူဖခင်နှင့်သမီးများအကြား ဆက်စပ်မှု အလျှင်းမရှိဟုဆိုသည်။
တူညီ
အ၀လွန်မှုသည် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ခြေ လွန်စွာနည်းပါးကြောင်း၊ အပြုအမှု အနေအထိုင် တူညီမှုကြောင့် ဖြစ်နိုင်ကြောင်း သုတေသီများက သုံးသပ်သည်။
အ၀လွန်သူ ၁၀ဦးလျှင် ရှစ်ဦးမှာ ငယ်စဉ်ကလေးဘ၀က ကိုယ်အလေးချိန်များခြင်း မရှိသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် အ၀လွန်မှုတိုက်ဖျက်ရေးတွင် ငယ်ရွယ်သူများ အုပ်စုကိုသာ အလေးပေးလွန်းမှုကို ပြန်လည်သုံးသပ်သင့်ကြောင်း သုတေသီများက ထောက်ပြကြသည်။



အမျိုးသားရေးတာဝန်အဖြစ် ကျရာဏ္ဍမှပူးပေါင်းပါဝင် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ကြိုးပမ်းဖော်ဆောင်

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွိ့ဖြိုးတိုးတတ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန စည်ပင်သာယာရေးအဖွဲ့များ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃ရက်နေ့က နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်(၅)ရပ်တွင် ပါဝင်သည့် ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါမှကျေးလက်ဒေသထွက်ကုန်များသည် မြို့ပြဈေးကွက်များသို့ အလွယ်တကူ အချိန်တိုအတွင်းသယ်ယူပို့ဆောင်နိုင်ခြင်း၊ ကျေးလက်ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်နိုင်ခြင်းတို့ကြောင့် ကျေးလက်ဒေသများ၏ လူမှုစီးပွားဘ၀ တိုးတတ်မြင့်မားလာမည် ဖြစ်သည်။
စည်ပင်သာယာရေးအဖွဲ့များသည် ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာနှင့် မြို့ဆက်သွယ်သည့်လမ်းများကို ဖောက်လုပ်ပေးသကဲ့သို့ လမ်းမကြီးများနှင့်ဝေးသွားပြီး သွားလာမှုခက်ခဲသည့် ကျေးရွာများအတွက် တစ်မြို့နှင့် တစ်မြို့နယ်၊ တစ်ခရိုင်နှင့်တစ်ခရိုင် ဆက်သွယ်အသုံးပြုရန်နှင့် လမ်းတစ်လျှောက်တွင်ရှိသည့် ကျေးရွာများ ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ခရိုင်ချင်းဆက်လမ်းများကိုလည်း ဖောက်လုပ်ပေးလျက်ရှိသည်။
ခရိုင်ချင်းဆက်လမ်း အမှတ်(၁)တွင် ၂၀၀၈-၂၀၀၉ဘဏ္ဍရေးနှစ်အထိ ကတ္တရာလမ်း ၁၈၄မိုင်၊ ကျောက်ချောလမ်း၁၃၉မိုင်၊ သစ်သားတံတား ရေကျော်၊ ရေပြွန်၇၈၃ စင်းတို့ဖြင့် ဖောက်လုပ်ခဲ့ပြီး ခရိုင်ချင်းဆက်လမ်း အမှတ်(၂)၌ ကတ္တရာလမ်း ၆၃မိုင်၊ ကျောက်ချောလမ်း ၁၉၁မိုင်၊သစ်သားတံတား ရေကျော်၊ရေပြွန်အစင်း ၇၅၀ တို့ကိုလည်း ဖောက်လုပ်ပေးခဲ့သည်။
ကျောလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိရေး ၁၀ နှစ်စီမံကိန်းကို ၂၀၀၀-၂၀၀၁ ဘဏ္ဍရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၀၈-၂၀၀၉ ဘဏ္ဍရေးနှစ်ကုန်အထိ အပူပိုင်းဒေသ တိုင်းသုံးတိုင်းတွင် ကျေးရွာပေါင်း ၈၀၂၄ ရွာ၌ ဆောက်ရွက်ပေးခဲ့ပြီးဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျေးရွာပေါင်း ၂၃၂၂၅ရွာ အနက် ၂၂၄၁၀၌ ရေရရှိရေးလုပ်ငန်းများကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
သို့ဖြစ်ပေရာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး စည်းကမ်းစနစ်ကျနစွာ ပေါ်ပေါက်လာရေးအတွက် ၀န်ထမ်းများသည် ပြည်သူအကျိုးပြု လုပ်ငန်းများတွင် အမျိုးသားရေးတာဝန်ဖြစ်သည့် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး နယ်စပ်ဒေသနှင့် ကျေးလက်ပြည်သူတို့၏ လူမှုစီးပွားဘ၀အခြေခံ လိုအပ်ချက်များကိုလည်း စေတနာအပြည့်အ၀ဖြင့် ဖြည့်ဆည်းဖော်ဆောင် သွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

ကယ်လိုရီကန့်သတ်ဓာတ်စာ စားသုံးမှု ရောဂါအန္တရာယ်ကင်းဝေးစေနိုင်

ကယ်လိုရီ ကန့်သတ်ချက် အတိုင်း ချင့်ချိန် စားသုံးခြင်းဖြင့် အသက်အရွယ်အိုမင်းမှုနှင့် ရောဂါများကြောင့် သေဆုံးရမည့် အန္တရာယ် လျော့ပါးကင်းဝေး သွားစေနိုင်သည် ဆို၏။
လျော့သွား
ကယ်လိုရီကန့်သတ်ချက် ၃၀ရာခိုင်နှုန်း ဓာတ်စာကြောင့် မျောက်များ၏ သေဆုံးမှု သိသိသာသာ လျော့သွားကြောင်း တွေ့ရသည်ဟု သိပ္ပံဂျာနယ်တွင် ဖော်ပြပါရှိသည်။
ဆက်စပ်
ကယ်လိုရီ ကန့်သတ်ဓာတ်စာကြောင့် ကင်ဆာ၊ ဇီဝဓာတုဖြစ်စဉ် ယိုယွင်းမှုကြောင့် ရေငတ်ခြင်းနှင့် ဆီးအလွန်အကျွန်သွားခြင်း၊ နှလုံးသွေးကြောရောဂါများနှင့်တကွ ထိုရောဂါသုံးမျိုးတွင် တစ်ခုခုကြောင့် ဦးနှောက်သိမ်သွားမှု အပါအ၀င် အသက်အရွယ် အိုမင်းရင့်ရော်မှုနှင့် ဆက်စပ်သည့် ရောဂါသွင်ပြင်လက္ခဏာ အများအပြား ပေါ်ပေါက်မည့် အန္တရာယ်ကိုလည်း လျော့ပါးစေသည်။
အထောက်အကူ
တိရစ္ဆာန်များကို ဓာတ်စာကျွေးခြင်းဖြင့် ဦးနှောက်၏ အရွယ်အစား ကြီးထွားလာသည်ဟု တွေ့ရသဖြင့် ဓာတ်စာသည် ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်ဟု ဆိုသည်။
ကယ်လိုရီကန့်သတ်ဓာတ်စာကို ရေရှည်စားသုံးခြင်းဖြင့် အကျိုးများမည်ဟု သိပ္ပပညာရှင်များက ယုံကြည်ထားကြသည်။

ကင်ဆာရောဂါတိုက်ဖျက်မည့်ခရမ်းရောင်ကန်စွန်းဥတီထွင်

ကင်ဆာရောဂါ တိုက်ဖျက်ရေးဂုဏ်သတ္တိနှင့် ပြည့်စုံသည့် ကန်စွန်းဥမျိုးကောင်းမျိုးသန့်တစ်မျိုးကို ကင်းဆပ် ပြည်နယ် တက္ကသိုလ်မှသုတေသီ ဆိုရန်လင်းက တီထွင်လိုက်သည်။

အသစ်တီထွင်

အသစ်တီထွင်ဖေါ်ထုတ်လိုက်သည့်ခရမ်းရောင်ကန်စွန်းဥတွင် ကင်ဆာရောဂါတိုက်ဖျက်ရေးသာမက အိုမင်း ရင့်ရော်တားဆီးရေးနှင့် ဓါတ်တိုးပစ္စည်းဆန့်ကျင်ဆေး ဓါတုပစ္စည်းများလည်း ပါဝင်သည်ဟု သိရသည်။
ဤနေရာ၌ အရောင်သည်လည်း အရေးကြီးသည် ဟုဆိုသည်။

ဟန့်တားနိုင်
ထိုကန်စွန်းဥ၏ ခရမ်းရောင်အသားက ကင်ဆာရောဂါဖြစ်မည့် အန္တရာယ်ကို လျော့ပါးစေသည့်အပြင် အူမကြီး
အတွင်းမှ ကင်ဆာကလာပ်စည်းများ၏ ကြီးထွားမှုကိုလည်း ဟန့်တားနိုင်သည်။

ကာကွယ်နိုင်မည်
ဤအစားအစာသစ်ကန်စွန်းဥက ပြည်သူများ ကင်ဆာရောဂါမဖြစ်စေရန် ကာကွယ်နိုင်မည်ဟုသိပ္ပံပညာရှင် များက ယုံကြည်သည်။


အမေရိကန်နှင့် အပေါင်းပါတပ်ဖွဲ့ဝင်များ ကျူးကျော်စွက်ဖက် ၀င်ရောက်မှုကြောင့် အီရတ်ပြည်သူများ သေဆုံး ဒဏ်ရာ ရရှိမှု အခြေအနေ

အီရတ်နိုင်ငံသို့ အမေရိကန်နှင့် အပေါင်းပါတပ်ဖွဲ့ဝင်များ ကျုးကျော်စွက်ဖက်ဝင်ရောက်ခဲ့သည်မှာ အချိန် ဖြစ်သည်။
အမေရိကန်နှင့် အပေါင်းပါ တပ်ဖွဲ့ဝင်များ၏ ကျူးကျော်စွက်ဖက်ဝင်ရောက်ခဲ့မှုကြောင့် အီရတ်ပြည်သူ အများ အပြား နေ့စဉ် သေဆုံး ဒဏ်ရာရလျက်ရှိသည်။

အီရတ်ပြည်သူများ သေဆုံး ဒဏ်ရာရရှိမှုအီရတ်နိုင်ငံသို့ အမေရိကန်နှင့် အပေါင်းအပါတပ်ဖွဲ့ဝင်များ ကျူးကျော် စွက်ဖက်ဝင်ရောက်ခဲ့သည့် အချိန်မှစတင်ပြီး ဇူလိုင် ၇ ရက် အထိ သေဆုံးခဲ့သည့် အီရတ်ပြည်သူ ဦးရေ မှာ၆၉၇၈၀၃ ဦးရှိပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူဦးရေမှာ ၁၂၅၆၂၅၉ ဦးဖြစ်ကြောင်း အင်တာနက် သတင်း၌ ဖော်ပြထားသည်။
၁။ သေဆုံးသူအီရတ်ပြည်သူများ - ၆၉၇၈၀၃ ဦး
၂။ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူ အီရတ်ပြည်သူများ - ၁၂၅၆၂၅၉ ဦး
ု့

အမေရိကန်ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များ ကျူးကျော်စွက်ဖက်ဝင်ရောက်ခဲ့မှုကြောင့်အာဖဂန်ပြည်သူများသေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေ

အာဖဂန်နစ္စတန်နိုင်ငံသို့ အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များ ကျူးကျော် စွက်ဖက်ဝင်ရောက်ခဲ့ သည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။
အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များ၏ ကျူးကျော်စွက်ဖက်ဝင်ရောက် ခဲ့မှုကြောင့် အာဖဂန်ပြည်သူ အများအပြား နေ့စဉ်သေဆုံး ဒဏ်ရာ ရရှိလျက်ရှိသည်။

အာဖဂန်ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု
အာဖဂန်နစ္စတန်နိုင်ငံသို့ အမေရိကန်ဦးဆောင်သော နေတိုးတပ်ဖွဲ့များ ကျူးကျော်စွက်ဖက်ဝင်ရောက်ခဲ့သည့် အချိန်မှစတင်ပြီး ဇူလိုင် ၇ရက်အထိ သေဆုံးခဲ့သည့် အာဖဂန်ပြည်သူဦးရေမှာ ၈၁၁၉ဦးရှိပြီး အပြင်းအထန် ထိခိုက် ဒဏ်ရာရှိသူဦးရေမှာ ၁၆၆၉၅ ဦးဖြစ်ကြောင်း အင်တာနက်သတင်းတွင် ဖေါ်ပြထားသည်။
၁။ သေဆုံးသူအာဖဂန်ပြည်သူများ = ၈၁၁၉ဦး
၂။ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူအာဖဂန်ပြည်သူများ = ၁၆၆၉၅ဦး

ကမ္ဘာ့လူတုပ်ကွေးရောဂါ ထိန်းချုပ်ရေးအတွက် ဟိုတယ်တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး

ကမ္ဘာ့လူတုပ်ကွေးရောဂါ ထိန်းချုပ်ရေးအတွက် ဟိုတယ်တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၄ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေး အစည်းအဝေးခန်းမတွင် ကျင်းပသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာကြီးမြင့်က ကမ္ဘာ့လူတုပ်ကွေး ကပ်ရောဂါကာကွယ်ကုသရေးလုပ်ငန်း စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာစောလွင်က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းစနစ်မှန်ကန်သည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာသန်းထိန်ဝင်းက ဟိုတယ်များတွင် လာရောက်တည်းခိုသည့် ဧည့်သည်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် ရောဂါကာကွယ်ရေး အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဟိုတယ်တာဝန်ခံများဧ။် မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြား ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ကမ္ဘာ့လူတုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဟိုတယ်တာဝန်ခံများအနေဖြင့် လာရောက်တည်းခိုသည့် ဧည့်သည်များအား စောင့်ကြပ်ကြည့်ရှုပြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများအား ဆက်သွယ်သတင်းပေးပို့ကြရန်နှင့် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကို ဇူလိုင် ၄ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာကြီးမြင့်က ကမ္ဘာ့လူတုပ်ကွေး ကပ်ရောဂါကာကွယ်ကုသရေးလုပ်ငန်း စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာစောလွင်က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းစနစ်မှန်ကန်သည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာသန်းထိန်ဝင်းက ဟိုတယ်များတွင် လာရောက်တည်းခိုသည့် ဧည့်သည်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် ရောဂါကာကွယ်ရေး အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဟိုတယ်တာဝန်ခံများဧ။် မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြား ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ကမ္ဘာ့လူတုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဟိုတယ်တာဝန်ခံများအနေဖြင့် လာရောက်တည်းခိုသည့် ဧည့်သည်များအား စောင့်ကြပ်ကြည့်ရှုပြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများအား ဆက်သွယ်သတင်းပေးပို့ကြရန်နှင့် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။